Highway Star

Saturday, June 05, 2010 comments
Deep Purple အဖွဲ့ရဲ့ Highway Star ပါ။ ကျွန်တော်အကြိုက်ဆုံး guitar နဲ့ KB solo တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။ one of the earliest speed metal songs တစ်ပုဒ်လို့ ပြောနိုင်ပါတယ်။ Audio track က ၁၉၇၂ နှစ်က ထွက်ခဲ့တဲ့ Machine Head Album ထဲက သီချင်းပါ။ Guitar solo ကို Blackmore ကတီးခတ်ထားပါတယ်။ နောက် Video ကတော့ လက်ရှိ ဂစ်တာသမား Steve Morse တီးခတ်ထားတဲ့ live ပါ။ လက်ရှိ Deep Purple အဖွဲ့မှာ KB သမား John Lord နဲ့ Drummer Lan Paice တို့နှစ်ဦးပဲ original Deep Purple အဖွဲ့ MK I lineup ထဲကဖြစ်ပြီး vocalist Ian Gillan နဲ့ bassist Roger Glover တို့က MK II lineup ကဖြစ်ပါတယ်။ လက်ရှိ guitarist Steve Morse ကတော့ ၁၉၉၄ မှာ full-time member တစ်ယောက်ဖြစ်လာတာပါ။ Highway Star သီချင်းကိုတော့ ၁၉၇၂ မှာ MK II lineup နဲ့ ပထမဆုံးတီးခတ်ခဲ့တာဖြစ်ပါတယ်။

ဒီသီချင်းရဲ့ tab လိုချင်ရင်တော့ ဒီမှာ ဒေါင်းယူနိုင်ပါတယ်။



comments